ဂျေရုဆလင်မြို့/သို့ အောင်ပွဲခံ/၍ ဝင်ရောက်တော်မူခြင်း
21
ယေရှု/နှင့် တပည့်တော်တို့/သည် ဂျေရုဆလင်မြို့/သို့ ချဉ်းကပ်/၍ သံလွင်တောင်/ခြေ/ရှိ ဗက်ဖာဂေရွာ/သို့ ရောက်လာကြ၏။ ထိုအခါ ယေရှု/သည် တပည့်တော်/နှစ်ပါး/ကို စေလွှတ်/၍ 2 “သင်တို့/ရှေ့တွင်/ရှိသော ရွာ/သို့/သွားကြလော့။ ရွာ/ထဲသို့ ဝင်လျှင်/ဝင်ချင်း ကြိုးချည်ထားသော/မြည်းမ/နှင့် မြည်းကလေး/ကို တွေ့မြင်ရ/လိမ့်မည်။ မြည်းတို့/ကို ကြိုးဖြေ/၍ ငါ့/ထံသို့/ခေါ်ဆောင်လာကြလော့။ 3 တစ်စုံတစ်ဦး/က သင်တို့/အား ‘အဘယ်ကြောင့် မြည်း/ကို ကြိုးဖြေကြသနည်း’ ဟု မေး/လျှင် ‘သခင်/အသုံးပြုလို/သောကြောင့်/ဖြစ်၏’ ဟု ဖြေကြလော့။ ထိုသို့/ဖြေလျှင် သူ/သည် ချက်ချင်း/ယူခွင့်ပြု/လိမ့်မည်” ဟု မိန့်မှာတော်မူ၏။4 ဤ/အရာ/မှာ ပရောဖက်/ဟောပြောခဲ့သည့်/အကြောင်းအရာ ဖြစ်လာ/ရန်/ပင်/ဖြစ်၏။ ထို/ဟောပြောချက်/မှာ
5 “သင်တို့/၏/ရှင်ဘုရင်/သည် မြည်း/နှင့်
မြည်းကလေး/ပေါ်တွင် စီး/၍
နူးညံ့သိမ်မွေ့သော/စိတ်/ဖြင့် သင်တို့/ထံသို့/ကြွလာတော်မူပြီ/ဟု
ဇိအုန်/မြို့သူမြို့သားတို့a/အား ပြောကြလော့”b
ဟူ၍ ဖြစ်၏။
6 တပည့်တော်/နှစ်ပါးတို့/သည်လည်း ယေရှု/ညွှန်ကြားတော်မူသည့်/အတိုင်း သွား/၍ လုပ်ဆောင်ကြပြီး 7 မြည်း/နှင့်/မြည်းကလေး/ကို ခေါ်ဆောင်လာကြ၏။ ထို့နောက် သူတို့/၏/အဝတ်များ/ကို မြည်း/နှင့်/မြည်းကလေး/ပေါ်/၌ ခင်းပေးကြ/ရာ ယေရှု/သည်လည်း စီးတော်မူ၏။
8 အလွန်/များပြားလှသော/လူအုပ်ကြီး/က မိမိတို့/၏ အဝတ်များ/ကို လမ်း/ပေါ်တွင်/ဖြန့်ခင်းကြ၏။ တချို့/က သစ်ကိုင်းသစ်ခက်တို့/ကို ခုတ်/၍ လမ်း/ပေါ်တွင် ဖြန့်ခင်းကြ၏။ 9 ယေရှု/ရှေ့တော်/နှင့် နောက်တော်/တွင် လိုက်ပါသော/လူထုတို့/က
“ဒါဝိဒ်မင်း/၏ သားတော်/ကို ချီးမွမ်းကြ/ပါစေသော။c
ထာဝရဘုရား/၏ အမည်/နာမ/နှင့် ကြွလာသော/အရှင်/သည် မင်္ဂလာ/ရှိပါစေသော။
အမြင့်ဆုံးသော ကောင်းကင်ဘုံ/၌ ဘုရားသခင်/၏ ဂုဏ်တော်/ကို ချီးမွမ်းကြ/ပါစေသော”d
ဟု ကြွေးကြော်ကြ၏။
10 ယေရှု/သည် ဂျေရုဆလင်မြို့/သို့ ဝင်တော်မူ/သော် တစ်မြို့လုံး/အုတ်အုတ်သဲသဲ/ဖြစ်/ကာ “ဤ/သူ/သည် မည်သူနည်း” ဟု မေးမြန်းကြ၏။
11 လူထု/ပရိသတ်များ/က “ဤ/သူ/သည် ဂါလိလဲပြည် နာဇရက်မြို့/မှ ပရောဖက်၊ ယေရှု/ဖြစ်သည်” ဟု ဖြေဆိုကြ၏။
ဗိမာန်တော်/ကို ရှင်းလင်းတော်မူခြင်း
12 ထို့နောက် ယေရှု/သည် ဗိမာန်တော်/သို့ ဝင်/၍ ဗိမာန်တော်/၌ ရောင်းဝယ်ဖောက်ကား/နေကြသောသူ/အားလုံး/ကို နှင်ထုတ်တော်မူ၏။ ငွေ/လဲလှယ်နေသော/သူတို့/၏ စားပွဲများ/နှင့် ချိုးငှက်/ရောင်းသော/သူတို့/၏ ခုံများ/ကို မှောက်လှန်တော်မူ၏။ 13 ယေရှု/က “ကျမ်းစာ/တွင် ‘ငါ/၏ အိမ်တော်/သည် ဆုတောင်းရာ/အိမ်တော်/ဟု ခေါ်ဆို/ရမည်’ ဟူ၍ ရေးသားထား/သော်လည်း သင်တို့/သည် အိမ်တော်/ကို ဓားပြစခန်း/ဖြစ်စေကြပြီ”e ဟု သူတို့/အား မိန့်တော်မူ၏။
14 ထိုအခါ ဗိမာန်တော်/၌ မျက်မမြင်များ/နှင့် ခြေမသန်သူများ/သည် ကိုယ်တော်/ထံသို့ လာကြ/သော် ကိုယ်တော်/သည် သူတို့/အား ကျန်းမာစေတော်မူ၏။ 15 သို့သော် ယဇ်ပုရောဟိတ်/ခေါင်းဆောင်များ/နှင့် ကျမ်းတတ်ဆရာများ/သည် ယေရှု/ပြုသော အံ့ဖွယ်/အမှုများ/ကိုလည်းကောင်း၊ “ဒါဝိဒ်မင်း/၏ သားတော်/ကို ချီးမွမ်းကြ/ပါစေသော” ဟု ဗိမာန်တော်/၌ ကလေးငယ်များ/အော်ဟစ်ကြသည်/ကို/လည်းကောင်း မြင်/လျှင် ဒေါသထွက်ကြ၏။
16 ထို့ကြောင့် သူတို့/က “ဤ/ကလေးငယ်များ မည်သို့/ပြောဆိုနေကြသည်/ကို ကြားသလော” ဟု ကိုယ်တော်/အား မေးကြ၏။
ယေရှု/က “ငါ/ကြား၏။ ကျမ်းစာ/၌ ‘ကလေးများ/နှင့် နို့စို့သူငယ်များ/က ကိုယ်တော်/ကို ချီးမွမ်း/စေရန် ကိုယ်တော်/သည် သင်ကြားပေးတော်မူပြီ’f ဟူ၍/ရေးသားထားသည်/ကို သင်တို့ တစ်ခါမျှ/မဖတ်ဖူးသလော” ဟု မိန့်တော်မူ၏။ 17 ထို့နောက် ယေရှု/သည် သူတို့/ထံမှ ထွက်ခွာ/၍ ဗေသနိရွာ/သို့ ကြွ/ကာ ထို/ရွာ/၌ တစ်ညတာ/တည်းခိုတော်မူ၏။
သဖန်းပင်/အား ကျိန်တော်မူခြင်း
18 မနက်ခင်း/တွင် ဂျေရုဆလင်မြို့/သို့ ပြန်ကြွတော်မူ/စဉ် ယေရှု/သည် ဆာလောင်တော်မူ၏။ 19 ထိုအခါ လမ်းဘေး/၌ သဖန်းပင်/တစ်ပင်/ကို မြင်သော် အပင်/နားသို့ ကြွတော်မူ၏။ သို့သော် အသီး/တစ်လုံး/မျှ/မရှိဘဲ အရွက်များ/ကိုသာ တွေ့မြင်တော်မူ၏။ ထိုအခါ ယေရှု/က ထို/အပင်/အား “ယခု/မှစ၍ မည်သည့်/အခါမျှ သင်/၌ အသီး/မသီးပါစေနှင့်” ဟု မိန့်တော်မူ၏။ ထို/သဖန်းပင်/သည်လည်း ချက်ချင်း/ခြောက်သွေ့သွားလေ၏။
20 ထို/ဖြစ်ရပ်/ကို တပည့်တော်တို့/သည် မြင်/လျှင် အလွန်/အံ့အားသင့်/လျက် “သဖန်းပင်/သည် မည်သို့သော/အားဖြင့် ချက်ချင်း/ခြောက်သွေ့သွားသနည်း” ဟု မေးလျှောက်ကြ၏။
21 ယေရှု/က “သင်တို့/အား ငါ/အမှန်/ဆို၏။ သင်တို့/သည် သံသယ/ကင်းသော ယုံကြည်ခြင်း/ရှိ/လျှင် ထို/သဖန်းပင်/ကို ငါ/ပြု/သကဲ့သို့ သင်တို့/ပြုနိုင်မည်။ ထိုမျှမက ဤ/တောင်/အား ‘ဤ/နေရာ/မှ ရွေ့/ကာ ပင်လယ်/သို့ ကျလော့’ ဟု ပြော/လျှင် ပြောသည့်/အတိုင်း ဖြစ်/လိမ့်မည်။ 22 သင်တို့/သည် မည်သည့်/အရာ/ကို/မဆို ယုံကြည်ခြင်း/ဖြင့် ဆုတောင်း/လျှင် တောင်း/သမျှ/ကို ရကြ/လိမ့်မည်” ဟု မိန့်တော်မူ၏။
အခွင့်အာဏာတော်/ကို စစ်ဆေးမေးမြန်းကြခြင်း
23 ယေရှု/သည် ဗိမာန်တော်/သို့ ဝင်တော်မူ/၍ သွန်သင်တော်မူ/စဉ် ယဇ်ပုရောဟိတ်/ခေါင်းဆောင်များ/နှင့် အကြီးအကဲများတို့/သည် ကိုယ်တော်/ထံသို့ ချဉ်းကပ်/၍ “သင်/သည် ဤ/အခြင်းအရာများ/ကို မည်သည့်/အခွင့်အာဏာ/ဖြင့် လုပ်ဆောင်နေသနည်း။ ဤ/အခွင့်အာဏာ/ကို မည်သူ/က ပေးသနည်း” ဟု မေးလျှောက်ကြ၏။
24 ယေရှု/က “သင်တို့/ကို မေးခွန်း/တစ်ခု ငါ/မေးမည်။ သင်တို့ ဖြေနိုင်/ပါက မည်သည့်/အခွင့်အာဏာ/ဖြင့် ဤ/အခြင်းအရာများ/ကို လုပ်ဆောင်နေကြောင်း ငါ/ပြောမည်။ 25 ယောဟန်/၏ နှစ်ခြင်းမင်္ဂလာ/ပေးရသော/အခွင့်အာဏာ/သည် ကောင်းကင်ဘုံ/မှ လာသလော။ လူ့/ထံမှ လာသလော” ဟု မေးတော်မူ၏။
ထိုအခါ သူတို့/က “ငါတို့/သည် ‘ကောင်းကင်ဘုံ/မှ လာသည်’ ဟု ဖြေ/လျှင် သူ/က ‘ထိုသို့/ဆိုလျှင် သင်တို့/သည် အဘယ်ကြောင့် ယောဟန်/ကို မယုံကြသနည်း’ ဟု မေး/လိမ့်မည်။ 26 သို့သော် ငါတို့/က ‘လူ့/ထံမှ/လာသည်’ ဟု ဖြေ/လျှင် လူထုပရိသတ်/ကိုလည်း ကြောက်ရ၏။ အဘယ်ကြောင့်ဆိုသော် လူအပေါင်းတို့/သည် ယောဟန်/ကို ပရောဖက်/တစ်ပါး/ဖြစ်သည်/ဟု ယုံကြည်ထားကြ/သောကြောင့်/ဖြစ်၏” ဟူ၍ အချင်းချင်း တိုင်ပင်ဆွေးနွေးကြ၏။ 27 ထို့ကြောင့် သူတို့/က “အကျွန်ုပ်တို့ မသိပါ” ဟု ယေရှု/အား ဖြေဆိုကြ၏။
ထိုအခါ ယေရှု/က “ငါ/သည်လည်း မည်သည့်/အခွင့်အာဏာ/ဖြင့် လုပ်ဆောင်နေကြောင်း/ကို သင်တို့/အား/မပြောနိုင်” ဟု ထို/သူတို့/အား မိန့်တော်မူ၏။
သား/နှစ်ဦး ပုံဥပမာ
28 ထို့နောက် ယေရှု/က “ဤ/အကြောင်းအရာ/ကို သင်တို့ မည်သို့/ထင်ကြသနည်း။ လူတစ်ယောက်/၌ သား/နှစ်ယောက်/ရှိ၏။ သူ/သည် သားကြီး/ထံသို့/သွား/၍ ‘ငါ့/သား… ယနေ့ စပျစ်ခြံ/သို့ သွား/၍ အလုပ်လုပ်လော့’ ဟု ပြော၏။ 29 သားဖြစ်သူ/က ‘ကျွန်ုပ် မသွားလိုပါ’ ဟု ပြန်/ပြော၏။ သို့သော်လည်း နောက်မှ နောင်တရ/၍ စပျစ်ခြံ/သို့ သွားလေ၏။ 30 ထို့နောက် ဖခင်ဖြစ်သူ/သည် သားငယ်/ထံသို့ သွား/၍ ယခင်/အတိုင်း/ပြောလေ၏။ သားငယ်/က ‘ဟုတ်ကဲ့ အဖေ။ ကျွန်ုပ် သွားပါမည်’ ဟု ဆို၏။ သို့သော်လည်း မသွားဘဲ/နေ၏။
31 ထို/သား/နှစ်ဦးတို့/တွင် မည်သူ/သည် ဖခင်/စကား/ကို နားထောင်သနည်း” ဟု မေးတော်မူ၏။
တပည့်တော်တို့/က “သားကြီး ဖြစ်ပါသည်” ဟု ဖြေကြ၏။
ယေရှု/က သူတို့/အား “ငါ/အမှန်/ဆိုရ/လျှင် အကျင့်ပျက်သော/အခွန်ကောက်သူများ/နှင့် ပြည့်တန်ဆာများ/သည် ဘုရားသခင်/၏ နိုင်ငံတော်/သို့ သင်တို့/ထက်/အလျင် ဝင်ကြ/လိမ့်မည်။ 32 နှစ်ခြင်းဆရာ/ယောဟန်/သည် လာ/၍ မှန်ကန်/စွာ အသက်ရှင်/ရန် သင်တို့/အား လမ်းပြခဲ့၏။ သို့သော် သင်တို့/သည် သူ့/ကို မယုံကြ။ အခွန်ကောက်သူများ/နှင့် ပြည့်တန်ဆာများ/ကမူ ယုံကြည်ကြ၏။ သင်တို့/သည် ထို/အရာ/ကို မြင်/လျက်နှင့်ပင် နောင်တရ/၍ သူ့/ကို ယုံကြည်လာခြင်း/မရှိကြ။
ဆိုးသွမ်းသော/စပျစ်ခြံလုပ်သားများ ပုံဥပမာ
33 အခြားသော/ပုံဥပမာ/တစ်ခု/ကို နားထောင်ကြလော့။ မြေရှင်/တစ်ဦး/သည် စပျစ်ခြံ/ကို စိုက်ပျိုး/၍ ခြံခတ်လေ၏။ သူ/သည် ထို/ခြံ/ထဲတွင် စပျစ်သီးနယ်ရာ/ကျင်း/ကို တူး/ပြီး ကင်းစောင့်မျှော်စင်/ကိုလည်း ဆောက်၏။ ထို့နောက် ထို/စပျစ်ခြံ/ကို စပျစ်ခြံလုပ်သားများ/အား ငှားရမ်း/၍ အခြား/တိုင်းပြည်/သို့ သွားလေ၏။ 34 စပျစ်သီးဆွတ်ချိန် ရောက်/သောအခါ စပျစ်သီး/တချို့/ကို ရယူ/ရန် အစေခံတို့/ကို စပျစ်ခြံလုပ်သားများ/ထံသို့ စေလွှတ်လိုက်၏။ 35 သို့သော် စပျစ်ခြံလုပ်သားများ/က သူ/၏/အစေခံများ/ကို ဖမ်းချုပ်/လျက် တစ်ဦး/ကို/ရိုက်/၍ တစ်ဦး/ကို/သတ်/ကာ တစ်ဦး/ကို ကျောက်ခဲ/နှင့်/ပေါက်ကြ၏။ 36 ထို့ကြောင့် မြေရှင်/သည် ယခင်/ထက်/ပို၍များသော အစေခံများ/ကို စေလွှတ်လေ၏။ သို့သော်လည်း စပျစ်ခြံလုပ်သားများ/က သူတို့/ကို ယခင်/အတိုင်း ပြုမူကြ၏။
37 နောက်ဆုံး/တွင် မြေရှင်/က ‘ငါ့/သား/ကိုမူ သူတို့/လေးစားကြ/လိမ့်မည်’ ဟု တွေး/လျက် မိမိ/သား/ကို စေလွှတ်လိုက်၏။
38 သို့သော် စပျစ်ခြံလုပ်သားများ/က မြေရှင်/၏/သား/ကို မြင်/သောအခါ ‘ဤ/သူ/သည် အမွေဆက်ခံမည့်သူ/ဖြစ်၏။ လာကြ။ သူ့/ကို/သတ်/၍ သူ/၏/အမွေ/ကို ရယူကြစို့’ ဟု အချင်းချင်း/တိုင်ပင်ကြ၏။ 39 ထို့နောက် သူ့/ကို ဖမ်း/ကာ စပျစ်ခြံ/အပြင်/သို့ ထုတ်/၍ သတ်ကြ၏။
40 ဤသို့/ဖြစ်လျှင် မြေရှင် ရောက်လာ/သောအခါ စပျစ်ခြံလုပ်သားတို့/ကို မည်သို့/ပြု/လိမ့်မည်နည်း” ဟု မေးတော်မူ၏။
41 လူတို့/က “သူ/သည် ထို/ဆိုးသွမ်းသော/သူတို့/ကို ရက်စက်/စွာ သုတ်သင်ဖယ်ရှား/လိမ့်မည်။ ထို့နောက် စပျစ်သီးဆွတ်ချိန်/တွင် သူ့/အား စပျစ်သီး/တချို့/ပေးမည့် အခြားသော/စပျစ်ခြံလုပ်သားတို့/အား ထို/စပျစ်ခြံ/ကို ငှားရမ်းပါ/လိမ့်မည်” ဟု လျှောက်ကြ၏။
42 ထိုအခါ ယေရှု/က “ကျမ်းစာ/၌
‘တိုက်ဆောက်သော/သူတို့ ပယ်ထားသည့်/ကျောက်/သည်
အရေးပါသော/ထောင့်ချုပ်ကျောက် ဖြစ်လာရ၏။
ဤ/အမှု/သည် ထာဝရဘုရား ပြုတော်မူသော/အမှု/ဖြစ်၏။
ငါတို့/မျက်စိ/ရှေ့/၌လည်း အံ့ဖွယ်/ဖြစ်၏’g
ဟု ရေးထားသည်/ကို သင်တို့ မဖတ်ဖူးကြသလော။
43 ထို့ကြောင့် သင်တို့/အား ငါ/ပြောဆိုသည်/မှာ ဘုရားသခင်/၏/နိုင်ငံတော်/ကို သင်တို့/ထံမှ သိမ်းယူ/၍ နိုင်ငံတော်/၏/အသီး/ကို သီးသည့်/လူများ/ထံသို့ ပေးအပ်တော်မူ/လိမ့်မည်။ 44 ထို/ကျောက်/ပေါ်သို့ ကျသော/သူ/သည် တစ်စစီ/ကျိုးပဲ့/လိမ့်မည်။ ထို/ကျောက်/သည် တစ်စုံတစ်ဦး/အပေါ်သို့ ကျ/လျှင်/လည်း ထို/သူ/သည် ညက်ညက်ကြေ/လိမ့်မည်” ဟု မိန့်တော်မူ၏။h
45 ယဇ်ပုရောဟိတ်/ခေါင်းဆောင်များ/နှင့် ဖာရိရှဲတို့/က ထို/ပုံဥပမာ/ကို ကြား/သောအခါ ယေရှု/သည် မိမိတို့/အား ဆိုးသွမ်းသော/စပျစ်ခြံလုပ်သားများ/အဖြစ် ရည်ညွှန်း/ပြောဆိုကြောင်း သဘောပေါက်ကြ၏။ 46 ထို့ကြောင့် သူတို့/သည် ယေရှု/ကို ဖမ်းဆီး/လိုကြ၏။ သို့သော်လည်း လူတို့/ကို ကြောက်ရွံ့ကြ၏။ အဘယ်ကြောင့်ဆိုသော် လူထု/သည် ယေရှု/ကို ပရောဖက်/တစ်ပါး/ကဲ့သို့ မှတ်ယူကြ/သောကြောင့်/ဖြစ်၏။